အသုံးပြုသိမှတ်ဖွယ်ရာ နှင့် ထိန်းသိမ်းသန့်စင်နည်းများ

မစွန်းထင်းသော စံပြ စတီးဆိုသည်မှာ အဘယ်နည်း။

SUS 304 (မစွန်းထင်းသော စံပြ စတီး)ဆိုသည်မှာသာမန်စတီးထက် တိုက်စားခြင်းနှင့် သံကြေးတက်ခြင်းကို ခံနိုင်ရည်မြင့်မားသည်၊ အပူချိန် အမြင့်နှင့် အနိမ့် ကို ခံနိုင်ရည်ရှိသည် ။ဖလူအိုရင်း (သို့) Teflonသည်အပူချိန်ကို ၂၆၀ ဒီဂရီ ဆဲလ်စီးယပ်အထိ ခံနိုင်ရည်ရှိသည်။

 

အစားအစာအဆင့်အတန်းနှင့်ပလတ်စတစ်

ပလပ်စတစ်ဘူးများသည် ဂျပန်မှ အစားအစာ ကျန်းမာရေး ထိန်းသိမ်းရေးဥပဒေ ကိုဖြတ်သန်းအောင်မြင်ပြီး ကျွနုပ် တို့၏ ဘူးများသည် (ဘူးတိုင်း၏ အဖုံးမှလွဲ၍)မိုက်ခရိုဝေ့အာဗင်ထဲတွင်အသုံးပြုနိုင်ပါသည်။ ပလပ်စတစ်အစားအစာအဆင့်အတန်းသည်ပေါ်လီပရိုပိုင်လင်းခေါ် pp ဖြစ်သည်။ အပူချိန်ခံနိုင်ရည်ရှိမှုမှာ ၁၄၀ ဒီဂရီဆဲစီးယပ်အထိဖြစ်ပြီး အနိမ့်ဆုံးအပူချိန်ခံနိုင်ရည်ရှိမှုမှာ အနှုတ် ၂၀ ဒီဂရီ ဆဲလ်စီးယပ်ဖြစ်သည်။ယင်းတို့ကို ဘူး အောက်ခြေ (သို့) ဘူးပေါ်တွင်ပုံ နှိပ်ဖော်ပြထားသည်။

“နှုတ်ခမ်းနှင့်အစားအစာ တို့ ထိသော နေရာများအားလုံး ၏ပလပ်စတစ် အစိတ်အပိုင်း များ တွင် BPA မပါဝင်ပါ။”
BPA မပါဘူး ဆို သည်မှာ – အချို့သောလူသုံး ကုန်ပစည်းများ တွင် BPA ( ဘိုင်စဖိနောအေ) ပါဝင်သည်။ BPA ကို အလင်း ထိပြီး ထွက်ပေါ်လာသောအရာ သည် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် မျိုးဗီဇများ ဖရိုဖရဲဖြစ်ခြင်း တို့ ဖြစ်စေသည်ဟု သုတေသနအချို့ကဆိုသည်။ Zoji အမှတ်တံဆိပ်ကုန်ပစည်းများတွင် အစားအစာထည့်သောနေရာများသည် BPA မပါဝင်ကြောင်း သေချာပါသည်။

 

ထိန်းသိမ်းသန့်စင်နည်းများ

  • ပန်းကန်ဆေး ဆပ်ပြာအားနူးညံ့သောရေမြုပ်ဖြင့် အသုံးပြု ပွတ်တိုက်ပြီးလျှင် ရေနွေးနွေးဖြင့်လောင်းချဆေးကြောပါ။
  • ပန်းကန်ဆေးစက် ပန်ကန်ခြောက်စက်များ ဖြင့် ဆေးကြောသန့်စင်ခြင်း မပြုလုပ်ရပါ။ ရေနွေးဖြင့် ပြုတ်၍ဆေးကြောခြင်း မပြုရပါ။
  • တင်ဒါ၊ ဗင်ဇင်း ကော်ပတ်ကဲ့သို့သော ကြမ်းတမ်းသည့် သန့်စင်ဆပ်ပြာများနှင့်အသုံးပြု ဆေးကြောခြင်းမပြုပါနှင့်။
  • အရောင်ချွတ်ဆေးများအသုံးမပြုပါနှင့်။
  • ရေထဲတွင်စိမ်မထားပါနှင့်။ ဗူးအစို့အား တစ်ခုချင်းစီ ဖြုတ်၍ သန့်စင်ဆေးကြောနိုင်ပါသည်။ ဆေးကြောပြီးလျှင်မူလအတိုင်း ပြန်တွဲပါ။
  • ဆေးပြီးလျှင် သေချာစွာ အခြောက်ခံပေးပါ။
  • သံချေးကွက်များနှင့် ကော်ဖီ ၊ လက်ဖက်ရည် နှင့် အစွန်းထင်းကွက်များကို ဖယ်ရှားရန်။
  • ရေမသန့်ရှင်း မှုကြောင့် ဖြစ်ပေါ်လာသည့် သံချေးကွက်များ နှင့် အစွန်းအထင်း များကို ဖယ်ရှား ရန်ရေနွေးပူပူ နှင့် Vinegar 10% ဖြည့်၍ မိနစ်၃၀ခန့်ကြာအောင်စိမ်ထားပါ။ ပြီးလျှင်ရေဆေးချပြီးနောက်နူးညံ့သာရေမြှုပ်ဖြင့် သန့်စင်ဆေးကြောပါ။